Thursday, February 21, 2008

လူဆိုတာ ဒီလို ......တဲ့ ..

မုန်လာဥဟာ အစက မာပေမယ့် အပြုတ်ခံရတဲ့ အခါမှာ မမာနိုင်တော့ပါဘူး ....ပျော့သွားတယ် ....သူ့ပတ်ဝန်းကျင် ဖြစ်တဲ့ ရေနွေးကိုတော့ ဘာမှမပြောင်းလဲနိုင်ဘူး ...။ လောကမှာ လူတွေဟာ အစက မာသယောင် ခံနိုင်ရည်ရှိသယောင် ထင်ရပေမယ့် တကယ်တမ်း လောကဓံနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ပျော့ညံ့သွားပြီး လောကဓံကိုရော ပတ်ဝန်းကျင်ကိုပါ အရှုံးပေးလေ့ ရှိတယ် ....။ ဒါကြောင့် ဒီလူတွေဟာ မုံလာဥတွေနဲ့ တူတယ် ..............။
ကြက်ဥဟာ အစက အရည်ဖြစ်ပေမယ့် အပူနဲ့ တွေ့တဲ့အခါမှာ မာခဲသွားတယ် .....သူလဲ ရေနွေးကို ဘာမှ မထူးခြားစေပါဘူး ....လောကမှာ တချို့လူတွေဟာ အပြင်ပန်းက ပျော့ညံ့သယောင် ထင်ရပေမဲ့ တကယ်တမ်းတော့ လောကဓံနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ မာကျောခက်ထန်သွားတတ်ကြတယ် ....။ လူ့ဂွစားတွေ ဖြစ်ကုန်ကြတယ် ....ကိုယ့်ကိုကိုယ် အရည်ဘ၀ကနေ ခဲပစ်လိုက်ကြတတ်ကြတယ် ...ဒီလူတွေဟာ ကြက်ဥ နဲ့တူတယ် ..........။

ကော်ဖီစေ့ဟာ တစ်စက်မှ မလှဘူးနော် ...မဲသေးတယ် ..အမြင်အရ ဆိုရင် သူ့ကို တစ်စက်မှ အထင်ကြီးဖွယ် မရှိဘူး.......သူ့ကို ရေနွေးပူထဲ ထည့်လိုက်တဲ့ အခါမှာ သူဟာ သူ့ရဲ့ အနံ့ အရသာ တွေကို အတတ်နိုင်ဆုံးထုတ်ပြီး သူ့ပတ်ဝန်းကျင် ဖြစ်တဲ့ ရေနွေးကို အရောင်ရော အနံ့ပါ ပြောင်းပစ်လိုက်နိုင်စွမ်း ရှိတယ် ...လူတွေဟာလဲ သူ့ရဲ့မွေးပျံ့တဲ့ ရနံ့ကို နှစ်ခြိုက်စွာ သောက်သုံး ရတယ် ....သူ့ရဲ့ အရည်အချင်း အစွမ်းအစဟာ ပတ်ဝန်းကျင် အပေါ် လွမ်းမိုးနိုင်ပြီး သူတပါးကိုလဲ ကောင်းကျိုး သက်ရောက်စေတယ် .....။ နှစ်သက်မှုပီတိကိုလဲ ပေးစွမ်းနိုင်တယ် ....။ တစ်ချို့လူတွေဟာ လောကဓံနဲ့ ရင်ဆိုင်ရတဲ့ အခါ ကိုယ်ပိုင် အရည်အသွေး အစွမ်းအစတွေ ပိုထွက်လာပြီး အဲဒီ အရည်အသွေး အစွမ်းအစ တွေက အများ အကျိုးကို ကောင်းကျိုးပြူ ဆောင်ရွက်နိုင်စွမ်း ရှိလာကြတယ် ....သူ့ကိုလဲ သူ့ပတ်ဝန်းကျင်က နှစ်လိုကြသလို သူ့ပတ်ဝန်းကျင်ကလဲ သူ့ကို အတုပြန်ယူရတယ် ...............။ ဒီလိုလူမျိုးဟာ ကော်ဖီစေ့နဲ့တူတယ် ..............။

1 comment:

ကျော်လင်းထွန်း said...

ကျွန်တော်လဲကော်ဖီစေ့နဲ့ တူချင်တယ်

စားပါဦး ကြက်ဆီထမင်း

စားပါဦး ကြက်ဆီထမင်း

သောက်ပါဦး သာကူ ...

သောက်ပါဦး သာကူ ...

စားပါဦး မုန့်လုံးရေပေါ်

စားပါဦး မုန့်လုံးရေပေါ်

သင်္ကြန်ကဲနေကြသူများ

   

စင်ကျိုးအောင် ဖျော်ဖြေတဲ့ စိုင်းစိုင်း