Tuesday, April 15, 2008

သင်္ကြန်ပွဲတော် ကျင်းပပုံ

မြန်မာလူမျိုးတို့သည် ရှေးအခါမှစ၍ သင်္ကြန်ပွဲတော်ကို ပြက္ခဒိန်အဖွဲ့ က သတ်မှတ်ပေးရက်အရ အကျရက်၊ အကြတ်ရက်၊ အတက်ရက်၊ (၃) ရက် ကျင်းပမြဲဖြစ်သည်။ သင်္ကြန်ပွဲတော်သည် သာကီဝင်မင်းတို့၏ ရေပက်ဖြန်း ကစားမှုဓလ့မှ လောကီဗေဒင်ကျမ်းလာအရ ပွဲတော်ဖြစ်လာသော်လည်း ဗုဒ္ဓဘာသာဝင် တို့ကမူ နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို လူမျိုးတိုင်း မင်္ဂလာရှိစေချင်သည်။ မင်္ဂလာယူကြသည်။ မင်္ဂလာအခါဟူ၍ သတ်မှတ်ကြသည်။ နှစ်သစ် တွင် မင်္ဂလာအဖြာဖြာတို့ သစ်ဆန်း၍ တင့်လန်းဝေဖြာစေရန် ဗုဒ္ဓတရားတော်အရ တကယ့်မင်္ဂလာအစစ်ဖြစ်စေသည့် ကုသိုလ်ရေးကိုရအောင်ယဉ်တွဲ၍ သင်္ကြန်ပွဲကို ဆင်နွဲကြသည်၊ ဖန်တီးတည်ဆောက်ကြသည်။ ယင်းအစီအစဉ်အရ သင်္ကြန်အခါတော်တွင် အလှူဒါနပွဲများ ခြိမ့်ခြိမ့်သဲသဲ ဆင်နွဲကြခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ ရဟန်းသံဃာတော်များ ဆွမ်းကပ်ခြင်း၊ ဗုဒ္ဓရုပ်ပွါးတော်များအား ရေသပ္ပာယ်ခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ တရားနာခြင်း၊ ဘုရားပုထိုး ပူဇော်ခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း၊ ကျောင်းကန် ဇရပ်တို့ကို သန့်ရှင်းခြင်း၊ သက်ကြီးဝါကြီး ပုဂ္ဂိုလ်တို့ကို တရော်ကင်းပွန်းတို့ဖြင့် ခေါင်းလျှော်ပေးခြင်း၊ အမွှေးနံ့သာ ရေကောင်းတို့ဖြင့် ရေချိုးသန့်စင်ပေးခြင်း၊ ဘိုးဘွားမိဘ တို့ကို ပူဇော်ကန်တော့ခြင်း၊ ပရိတ်တရားတော် ပွါးများ ခြင်း၊ ရေခန်းလုနီးဖြစ်သော အင်း အိုင် ချောင်း မြောင်းများမှ ငါးများကို ဖမ်း၍ဖြစ်စေ၊ အသတ်ခံရမည့်ဆဲဆဲ ငါးများကို ၀ယ်ယူ၍ဖြစ်စေ ရေများရာ ရေကန် ချောင်း စသည်တို၌ လွှတ်ပေးခြင်း၊ကျွဲ နွား စသည့် တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း စသော ကုသိုလ်ကောင်းမှု များစွာပြု၍ နှစ်သစ်ကူးရေကစား မှုကို ပြုလုပ်ကြသည်။ ရေးဘုရင်အဆက်ဆက်မှ ယဉ်ကျေးသိမ်မွေ့စွာ ကျင်းပလာခဲ့သော သင်္ကြန်ပွဲတော်သည် ခေတ်အားလျော်စွာ တစ်နှစ်ထက်တစ်နှစ် အသွင်ပြောင်းလဲ လာခဲ့ပါသည်။ သို့သော်လည်း လူ့လောကကို အကျိုးပြု ထိန်းသိမ်း စောင့်ရှောက်သော ယဉ်ကျေးမှုကို နှစ်ပရိစ္ဆေဒ မည်မျှ ကြာညောင်း၍ မည်မျှပင် ရှေးကျစေကာမူ လျစ်လျှူရှုမထားဘဲ အရှည်တည်တံ့စေရန် အစဉ်ကြိုးစားအားထုတ်ကြရမည်။ မြန်မာ့ ရိုးရာယဉ်ကျေးမှုပွဲတော်သည် မြန်မာတို့အဖို့ လူမှုရေး၊ နိုင်ငံရေး၊ဘာသာရေးတို့ ၌ များစွာကျေးဇူးပြုသည်ကို မြန်မာလူမျိုးတိုင်း နားလည်ကြသည်။ သို့အတွက် မြန်မာ့ယဉ်ကျေးမှုဓလေ့ကို မြန်မာတိုင်း လေးစားလိုက်နာ ထိန်းသိမ်းကြရန်ဖြစ်ပါကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။
မြန်မာ့အလင်းသတင်းစာပါဆောင်းပါးဖြစ်ပါသည်။

1 comment:

~P~ said...

ဟုတ်..မြန်မာစစ်စစ်မို. လေးစားလိုက်နာပါတယ်။ :)

စားပါဦး ကြက်ဆီထမင်း

စားပါဦး ကြက်ဆီထမင်း

သောက်ပါဦး သာကူ ...

သောက်ပါဦး သာကူ ...

စားပါဦး မုန့်လုံးရေပေါ်

စားပါဦး မုန့်လုံးရေပေါ်

သင်္ကြန်ကဲနေကြသူများ

   

စင်ကျိုးအောင် ဖျော်ဖြေတဲ့ စိုင်းစိုင်း